ရာဇဝင်ချုပ်ပထမစောင် 30:21
ယေရုရှလင် မြို့၌ စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ခုနစ် ရက် ပတ်လုံးအလွန် ရွှင်လန်း သောစိတ်နှင့် အဇုမ ပွဲ ကိုခံ ကြ၏။ ယဇ်ပုရောဟိတ် လေဝိ သားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ ညဉ့် မပြတ် ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
20ထာဝရဘုရား သည် ဟေဇကိ စကားကို နားထောင် တော်မူ၍ ၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
Exodus 13:6ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ပြီးမှ ၊ ခုနစ် ရက်မြောက်သောနေ့ တွင် ၊ ထာဝရဘုရား အဘို့ ပွဲ ခံရကြမည်။
Deuteronomy 12:7ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
Deuteronomy 16:14ထိုပွဲ ခံစဉ်၊ ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
2 Chronicles 20:21လူ များနှင့် တိုင်ပင် ပြီးမှ ၊ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် ၊ သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။
2 Chronicles 29:27ဟေဇကိ သည် ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ် ကို ပူဇော် စေခြင်းငှါ ၊ အမိန့် တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုး များနှင့် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို တီးမှုတ်လျက်၊ ထာဝရ ဘုရားအား သီချင်း ကို ဆိုစ ပြုကြ၏။
2 Chronicles 30:26ထိုသို့ ယေရုရှလင် မြို့၌ ကြီးစွာ သောဝမ်းမြောက် ခြင်းရှိ ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် လက်ထက် မှသည်၊ နောက်တဖန်ယေရုရှလင် မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမ ရှိ။