ရာဇဝင်ချုပ်ပထမစောင် 31:10
ဇာဒုတ် အမျိုး ၊ ယဇ်ပုရောဟိတ် အကြီး အာဇရိ က၊ ပူဇော် သက္ကာတို့ကို၊ ဗိမာန် တော်သို့ ဆောင် ခဲ့စ ပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်း တတ်ပါ၏။ ထာဝရဘုရား သည် မိမိ လူ တို့ကို ကောင်းကြီး ပေးတော်မူသောကြောင့် ၊ ပုံထား သောဤ ဥစ္စာ များသည် ကျန်ကြွင်း လျက်ရှိပါသည်ဟု လျှောက်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
9ထိုပုံ ထားသော ဥစ္စာအကြောင်း ကို ဟေဇကိ သည် ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့၌ မေးမြန်း လျှင်၊
Read all of ရာဇဝင်ချုပ်ပထမစောင် 31
Cross References
Genesis 26:12ထို ပြည် ၌ ဣဇာက် သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆ တရာ သော အသီးအနှံ ကို ရလေ၏။ ထာဝရဘုရား သည်လည်း ၊ ကောင်းကြီး ပေးတော်မူသဖြင့်၊
Genesis 39:5ထိုသို့ အိမ် နှင့် ဥစ္စာရှိသမျှ ကို အုပ်စိုး စေသည် ကာလ မှစ၍ ထာဝရဘုရား သည် ယောသပ် အတွက် ထိုအဲဂုတ္တု သား၏အိမ် ကို ကောင်းကြီး ပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီး မင်္ဂလာသည် အတွင်း ၊ ပြင် ၊ ဥစ္စာရှိရှိသမျှ အပေါ် မှာလည်း သက်ရောက် လေ၏။
Exodus 36:7ရခဲ့သောဥစ္စာ သည် လုပ် ရှိသမျှ ကို ပြီးစီးလောက် ရုံမျှမက ပို လျက်ရှိ သတည်း။
Leviticus 26:4အချိန် တန်မှ ငါသည် သင် တို့အဘို့ မိုဃ်း ရွာစေ သဖြင့် ၊ မြေ သည် မိမိ ဘဏ္ဍာ ကိုပေး ၍ ၊ ဥယျာဉ် အပင် တို့သည် အသီး သီး ကြလိမ့်မည်။
Deuteronomy 28:8သင် ၏ ဘဏ္ဍာ တိုက်၌ ၎င်း၊ သင် ပြု လေရာရာ ၌ ၎င်း ၊ ထာဝရဘုရား သည် သင့် အပေါ် မှာ မင်္ဂလာ ရောက် စေခြင်းငှာမိန့် တော်မူမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင့် ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
2 Kings 4:43ကျွန် ကအဘယ်သို့ နည်း။ ကျွန်တော်သည် လူ တရာ ကို ဤ မျှနှင့် ကျွေး နိုင်ပါမည်လောဟုမေး လျှင်၊ ဧလိရှဲက ဤ” လူ များကို ကျွေး လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စား ကြသော်လည်း စားစရာကျန်ကြွင်း လိမ့်မည်ဟု မိန့် တော်မူကြောင်း ကို ပြောဆိုသော်၊”