ရာဇဝင်ချုပ်ပထမစောင် 32:19
လူ တို့လက် ဖြင့် လုပ် သောဘုရား ၊ မြေကြီး သား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင် မြို့ ဘုရားသခင် ကို ရော၍ ကဲ့ရဲ့ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 32
Cross References
Deuteronomy 4:28ထို အရပ်တို့၌၊ လူ လက် ဖြင့်လုပ် ၍ မ မြင် နိုင်၊ မ ကြား နိုင်၊ မ စား နိုင်၊ မ နမ်း နိုင်သော သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို သင်တို့သည် ဝတ်ပြု ရကြလိမ့်မည်။
1 Samuel 17:36ကိုယ်တော် ကျွန် သည် ခြင်္သေ့ နှင့် ဝံ နှစ်ကောင်လုံးကိုသတ် ပါ၏။ အရေဖျား လှီးခြင်းကို မခံသော ထို ဖိလိတ္တိ လူသည် အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ သောကြောင့် ၊ ထိုအကောင်တကောင် ကဲ့သို့ ဖြစ် ပါလိမ့်မည်။
2 Kings 19:18သူ တို့၏ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထို ဘုရားတို့သည် ဘုရား မ ဟုတ်၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ
2 Chronicles 32:13ငါ နှင့် ငါ့ ဘိုးဘေး တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ ပြု သည်ကို သင်တို့မ သိ ကြသလော။အတိုင်းတိုင်းအပြည်ပြည်ဘုရားတို့သည် မိမိ တို့ပြည် များကို ငါ့ လက် မှ ကယ်လွှတ် ခြင်းငှါ တတ်စွမ်း နိုင် သလော ။
Psalms 10:13မတရား သောသူသည် ဘုရား သခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ် တော်မ မူဟု အဘယ်ကြောင့်အောက်မေ့ ရပါအံ့နည်း။
Psalms 74:18ရန်သူ တို့သည် ထာဝရဘုရား ကိုကဲ့ရဲ့ ၍ ၊ လူမိုက် တို့ သည် နာမတော် အား မထီမဲ့မြင် ပြုကြသည်ကို အောက်မေ့ တော်မူပါ။