ရာဇဝင်ချုပ်ပထမစောင် 32:5
ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့ စေ၏။ ပြို သောမြို့ရိုး ရှိသမျှ ကို ပြုပြင် ၍ ၊ ရဲတိုက် တို့နှင့် တညီတည်း တည်၏။ ပြင် မြို့ရိုး ကိုလည်း တည် ၏။ ဒါဝိဒ် မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာ သော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 32
Cross References
2 Samuel 5:9ထိုနောက် ဒါဝိဒ် သည် ရဲတိုက် ၌ နေ ၍ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် လေ၏။ မိလ္လော အရပ် ပတ်လည် ၌၎င်း ၊ အတွင်း ဘက်၌၎င်း တည်ဆောက် လေ၏။
1 Kings 11:27ရှင်ဘုရင် ကို ပုန်ကန် သော အကြောင်း ဟူမူကား ၊ ရှောလမုန် သည် မိလ္လော မြို့ကိုတည် ၍၊ ခမည်းတော် ဒါဝိဒ် ၏မြို့ရိုး ပျက်ကို ပြုပြင် သောအခါ၊
2 Kings 25:4ခါလဒဲ လူတို့သည်မြို့ ရိုးကို ဖြို ဖောက်၍ မြို့ ကို လည်း ဝိုင်း နေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့ သည် ညဉ့် အခါ ပြေး ၍ မြို့ရိုး နှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွားကြ၏
2 Chronicles 14:5ယုဒ မြို့ ရွာ အရပ်ရပ် တို့၌ ရှိသောကုန်း နှင့် ရုပ်တု ဆင်းတုတို့ကို ပယ်ရှား ၍ ၊ နိုင်ငံ တော်ရေး သာယာ လျက် ရှိ၏။
2 Chronicles 23:1ခုနစ် နှစ် မြောက် သောအခါ ၊ ယောယဒ သည် ကိုယ်ကိုခိုင်ခံ့ စေ၍ တပ်မှူး များ၊ ယေရောဟံ သား အာဇရိ ၊ ယောဟနန် သား ဣရှမေလ ၊ ဩဗက် သား အာဇရိ ၊ အဒါယ သား မာသေယ ၊ ဇိခရိ သား ဧလိရှဖတ် တို့နှင့် သင်းဖွဲ့ လေ၏။
2 Chronicles 26:8အမ္မုန် အမျိုးသားတို့သည်လည်း ၊ ဩဇိ မင်းအား လက်ဆောင် ပဏ္ဏာတို့ကို ဆက် ကြ၏။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့ စေသဖြင့် ၊ သိတင်း တော်သည် အဲဂုတ္တု ပြည်တိုင်အောင် ကျော်စော လေ၏။