ရာဇဝင်ချုပ်ပထမစောင် 33:2
ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှာ၊ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာဘွယ် ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
1မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 33
Cross References
Leviticus 20:22သင် တို့ကို ငါ ပို့ဆောင် ၍ နေရာ ချသော ပြည် သည် မ အော့အန် စေခြင်းငှါ ၊ သင်တို့သည် ငါ စီရင် ထုံးဖွဲ့သမျှ တို့ကို ကျင့်ဆောင် ရမည်။
Deuteronomy 12:31သူတို့ပြုသကဲ့သို့၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား သင်မ ပြု ရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှ တို့ကို သူ တို့ဘုရား ၌ ပြု ကြပြီ။ ကိုယ် သား သမီး ကိုပင် သူ တို့ဘုရား အား ဝတ်ပြု၍ မီး ရှို့ ကြပြီ။
Deuteronomy 18:14သင် အစိုးရ အံ့သော လူမျိုး တို့သည်၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဉာဏ်အားဖြင့်ဟောပြော သောသူတို့ စကားကို နားထောင် တတ်ကြ၏။ သင် မူကား ထိုသို့ ပြုရအောင် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် အခွင့် ပေးတော်မ မူ။
2 Kings 17:15စီရင် တော်မူချက်၊ ဘိုးဘေး တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ၊ သူ တို့၌ သက်သေခံ တော်မူသောသက်သေ တို့ကို ပယ် ၍ အနတ္တ တရားကို ကျင့် လျက် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကြင် တပါးအမျိုးသား ကျင့်သကဲ့သို့ မ ကျင့် ကြနှင့်ဟု ထာဝရဘုရား ပညတ် တော်မူ ၏၊ ပတ်လည် ၌နေသောထို အမျိုးသား နောက် သို့ လိုက်ကြ၏
2 Kings 21:9သူတို့သည် နား မ ထောင်၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ ပြုသည်ထက် သာ၍ဒုစရိုက် ကိုပြု စေခြင်းငှါ မနာရှေ သည် သွေးဆောင် လေ၏
2 Chronicles 36:14ထိုမှတပါး ၊ ယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်း ၊ အလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။