ရာဇဝင်ချုပ်ပထမစောင် 34:9
ထိုသူတို့သည် ယဇ် ပုရောဟိတ်မင်း ဟိလခိ ထံ သို့ သွား ၍ ၊ ဗိမာန် တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေ အမျိုးသား၊ ဧဖရိမ် အမျိုးသား၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားရှိသမျှ ၊ ယုဒ အမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့လက် မှ တံခါး စောင့် လေဝိ သားတို့ခံ သော ငွေ ကိုယူ ၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 34
Cross References
2 Kings 22:4ဗိမာန် တော်သို့ဆောင် ခဲ့၍ လူ များလက်မှ တံခါး စောင့် ခံယူ သော ငွေ ကို ယဇ် ပုရောဟိတ်မင်း ရေတွက် သဖြင့်၊”
2 Chronicles 24:11ထိုသေတ္တာ ကို လေဝိ သားတို့သည် ဘဏ္ဍာ တော် တိုက်ထဲသို့ သွင်း ၍ ၊ ငွေ များ သည် ကို သိ မြင်လျှင် ၊ ရှင်ဘုရင် ၏စာရေး တော်ကြီးနှင့် ယဇ် ပုရောဟိတ်မင်း၏စာရေး သည်လာ ၍ ၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာ ကို သူ့ နေရာ ၌ ထားပြန် ၏။ ထိုသို့ နေ့ တိုင်းပြု ၍ များစွာ သောငွေ ကို စုထား ကြ၏။
2 Chronicles 30:18များစွာ သောလူ တည်းဟူသော၊ ဧဖရိမ် အမျိုး၊ မနာရှေ အမျိုး၊ ဣသခါ အမျိုး၊ ဇာဗုလုန် အမျိုးသားအများ တို့သည် ကျမ်းစာ ၌ ပါသောတရားသို့မ လိုက်၊ ကိုယ်ကိုမ သန့်ရှင်း စေဘဲ၊ ပသခါ သိုးသငယ်ကိုစား ကြ ၏။
2 Chronicles 34:14ဗိမာန် တော်သို့ ဆောင် ခဲ့သောငွေ ကို ထုတ် သောအခါ ၊ ယဇ်ပုရောဟိတ် ဟိလခိ သည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာစောင် ကို တွေ့ ၍၊
2 Chronicles 34:20ယဇ်ပုရောဟိတ်ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာဗဒုန် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အာသာယ ကို ခေါ် ၍၊
2 Chronicles 35:8မှူးမတ် တို့သည်လည်း ၊ စေတနာ စိတ်ရှိ၍ လူ များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့အား ပေး ကြ၏။ ဗိမာန် တော်မှူး ဟိလခိ ၊ ဇာခရိ ၊ ယေဟေလ သည်လည်း ၊ ပသခါ ပွဲခံစရာဘို့ သိုးဆိတ်နှစ်ထောင် ခြောက်ရာနှင့် နွား သုံး ရာကို ယဇ်ပုရောဟိတ် တို့အား ပေး ကြ၏။