ရာဇဝင်ချုပ်ပထမစောင် 35:7
စည်းဝေးသောသူအပေါင်း တို့သည် ပသခါ ပွဲခံ စရာဘို့၊ ယောရှိ မင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံး သောင်းနှင့် နွား သုံး ထောင် ကိုပေး တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 35
Cross References
1 Kings 8:63နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ထာဝရဘုရား အား မိဿဟာယ ယဇ် ပူဇော် သဖြင့် ၊ ထာဝရဘုရား ၏အိမ် တော်ကို အနုမောဒနာ ပြုကြ၏။
2 Chronicles 7:8ထိုအခါ ရှောလမုန် သည် အလွန် များစွာ သော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ခုနစ် ရက် ပတ်လုံးပွဲခံ တော်မူ၏။
2 Chronicles 31:3ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေးထား သည် အတိုင်း ၊ နေ့ရက်အစဉ် နံနက် အချိန်၊ ညဦး ချိန်၊ ဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
Ezekiel 45:17မင်းသားသည်လည်းပွဲသဘင် နေ့၊ လဆန်း နေ့၊ ဥပုသ် နေ့၊ ဣသရေလ အမျိုး ပရိသတ် စည်းဝေးသော နေ့ရက်အစဉ်အတိုင်းမီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့ကို ပူဇော် ရမည်။ ဣသရေလ အမျိုး ၏အပြစ် ကို ဖြေခြင်းငှါ အပြစ် ဖြေရာ ယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော် ရမည်။