ရာဇဝင်ချုပ်ပထမစောင် 5:13
သီချင်း ဆိုသောသူတို့နှင့် ဝိုင်း လျှင် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ ထောမနာပြုခြင်းငှါ ၊ တညီတညွတ် တည်းအသံ ပြိုင်လျက်၊ ကောင်းမြတ် တော်မူ သည်။ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု တံပိုး ခွက်ကွင်း အစ ရှိသောတုရိယာ မျိုးနှင့်တကွ ၊ အသံ ကိုလွှင့် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်း ကြသောအခါ ၊ ထာဝရဘုရား ၏အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 5
Cross References
Exodus 40:34ထိုအခါ မိုဃ်းတိမ် သည် ပရိသတ်စည်းဝေး ရာ တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လေ၏။
1 Chronicles 16:4တဖန် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ အမှု တော်ကို ဆောင်ရွက်၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထား တော်မူသောလေဝိ သားများဟူမူကား၊
2 Chronicles 7:1ထိုသို့ ရှောလမုန် သည်ပဌနာ ပြု၍ ပြီး သောအခါ ၊ ကောင်းကင် က မီး ကျ ၍ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကို လောင် သဖြင့် ၊ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် ၏။
2 Chronicles 7:3ထိုသို့မီး ကျ ၍ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်ပေါ် မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသား အပေါင်း တို့သည် မြင် လျှင် ၊ ကျောက် ခင်းအရပ် ၌ မြေ ပေါ် မှာ ဦးချ ပြပ်ဝပ်လျက် ကောင်းမြတ် တော်မူသည်၊ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု ထာဝရဘုရား ကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်း ကြ၏။
2 Chronicles 20:21လူ များနှင့် တိုင်ပင် ပြီးမှ ၊ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် ၊ သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။
Ezra 3:11ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ဣသရေလ အမျိုး၌ ပြတော်မူသောကရုဏာ တော် အစဉ် အမြဲတည် ပါသည်ဟူ၍ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကျေးဇူး တော်ကို ဝန်ခံလျက် ၊ အသံပြိုင်၍ အလှည့်လှည့်သီချင်း ဆို ကြ၏။ ဗိမာန် တော်တိုက်မြစ်ကို ချ ရသောကြောင့် ၊ လူ အပေါင်း တို့သည် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကြီး သောအသံ နှင့် ကြွေးကြော် ကြ၏။