ရာဇဝင်ချုပ်ပထမစောင် 6:10
ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း ပြု တော်မူသဖြင့် ၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ် အရာကိုခံရ၍ ၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် လျက် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 6
Cross References
1 Kings 2:12ရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၍ ၊ အာဏာ တော်သည် အမြဲ တည် ၏။
1 Chronicles 17:11သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး နေရာ သို့ သွား ရသောအခါ ၊ သင် မှ ဆင်းသက်သော သားစု တွင်၊ သားတယောက်ကို ငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။
1 Chronicles 28:5ထာဝရဘုရား သည် ငါ့ အား များစွာ သော သား တို့ကိုပေး တော်မူသည်ဖြစ်၍ ၊ ငါ့ သား အပေါင်း တို့တွင် သား ရှောလမုန် ကို ရွေးကောက် ၍ ဣသရေလ အမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား ၏ နိုင်ငံ တော်ရာဇ ပလ္လင် ပေါ် မှာထိုင် စေခြင်းငှါ ခန့်ထားတော်မူပြီ။
1 Chronicles 29:23ထိုအခါရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင် အရာကိုခံ၍ ထာဝရဘုရား ၏ ရာဇ ပလ္လင် တော်ပေါ် မှာ ထိုင် လျက် ဘုန်း ကြီးတော်မူ၏။ ဣသရေလ အမျိုးသားအပေါင်း တို့သည် စကားတော်ကို နားထောင် ကြ၏။
Ecclesiastes 1:4လူ တဆက်လွန် သွား၏။ တဆက် ပေါ် လာ၏။ မြေကြီး မူကား အစဉ် အမြဲတည် ၏။