ရာဇဝင်ချုပ်ပထမစောင် 6:20
ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့်မပြတ်ကြည့်ရှု ၍ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 6
Cross References
Deuteronomy 26:2သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသောပြည် ၌ အဦးသီး သော အသီး အမျိုးမျိုး ကိုယူ ၍ ခြင်တောင်း ၌ ထည့် ပြီးမှ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တည် စရာဘို့ ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
2 Kings 19:16အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကိုဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက်ရှင် တော်မူ သောဘုရား သခင်ကို ကဲ့ရဲ့ ၍ပြောစေသော စကား အလုံးစုံတို့ကို မှတ် တော်မူပါ
2 Chronicles 6:6ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော နေ့ က စ၍၊ ငါ့ နာမ တည် ရာ အိမ် ကို ဆောက် စေခြင်းငှါ ၊ ဣသရေလ ခရိုင် များတို့တွင် မြို့ တစုံတမြို့ကို ငါမ ရွေး ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး ရသောသူကိုလည်း ငါမ ရွေး သေး။ ယခုမူကား၊ ငါ့ နာမ တည် ရာ ယေရုရှလင် မြို့ကို ၎င်း၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး စေခြင်းငှါ ဒါဝိဒ် ကို ၎င်း၊ ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသောဣသရေလ အမျိုး ၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။
2 Chronicles 7:15ငါ ကြည့်ရှု မည်။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို ငါ နားထောင် မည်။
Nehemiah 1:6ကိုယ်တော် ကျွန် ဣသရေလ အမျိုးသား တို့အဘို့ ၊ ရှေ့ တော်၌ နေ့ ညဉ့် မပြတ် အကျွန်ုပ် ဆုတောင်း ၍၊ ဣသရေလ အမျိုးသား ဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား မိသော အပြစ် များကို ဘော်ပြ ၍ တောင်းပန်သော ကိုယ်တော် ကျွန် ၏ ပဌနာ စကားကို ကြား ခြင်းငှါ ၊ ယခု နားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။
Psalms 121:5ထာဝရဘုရား သည် သင့် ကို စောင့် တော်မူ၏။ ထာဝရဘုရား သည် သင် ၏လက်ျာ ဘက်၌ ရှိသောသင် ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။