ရာဇဝင်ချုပ်ပထမစောင် 6:41
အိုထာဝရ အရှင် ဘုရားသခင် ၊ ကျိန်းဝပ် တော်မူရာသို့ တန်ခိုး တော်နှင့်ယှဉ်သော ဓမ္မသေတ္တာ နှင့်တကွ တက် တော်မူပါ။ အိုထာဝရ အရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ကယ်တင် ခြင်းတန်ဆာ ကို ဆင်၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကျေးဇူး တော်၌ ဝမ်းမြောက် ကြပါစေသော၊
မြန်မာကျမ်းစာ
In The King James Version
In Context
40အိုအကျွန်ုပ် ဘုရားသခင် ကြည့်ရှု တော်မူပါ။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို နားထောင် တော်မူပါ။
Read all of ရာဇဝင်ချုပ်ပထမစောင် 6
Cross References
Joshua 3:13မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ထာဝရဘုရား ၏ သေတ္တာ တော်ကိုထမ်း သော ယဇ်ပုရောဟိတ် ခြေဘဝါး တို့သည်၊ ယော်ဒန် မြစ်ရေ ကို နင်း သော ခဏခြင်းတွင်၊ မြစ်ညာရေ သည် ပြတ် ၍ ပုံ့ပုံ့ ကြွ လျက် နေလိမ့်မည်ဟု ဆို လေ၏။
1 Chronicles 28:2ထိုအခါ ဒါဝိဒ် မင်းကြီး သည်ရပ် ၍ ၊ ငါ့ ညီအစ်ကို ၊ ငါ့ လူ တို့ နားထောင် ကြလော့။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ငြိမ်ဝပ် ရာ အိမ် တည်းဟူသောဘုရားသခင် ၏ ခြေ တော်တင်ရာခုံ ကို တည် လုပ်မည်ဟု ငါ အကြံ ရှိ၍ တည် လုပ်ခြင်းငှါ ပြင်ဆင် နှင့်ပြီ။
Psalms 65:4တန်တိုင်း တော်အတွင်း၌ နေ ၍၊ အထံတော်သို့ ချဉ်းကပ် စေခြင်းငှါ ၊ ကိုယ်တော်ရွေးကောက် တော်မူသောသူသည် မင်္ဂလာ ရှိပါ၏။ သန့်ရှင်း သော ဗိမာန် တော်တည်းဟူသောအိမ် တော်၌ ကောင်း သော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝ ပြောကြပါစေသော။
Psalms 110:2ထာဝရဘုရား သည် အရှင် ၏ အာဏာ တော် လှံတံ ကို ဇိအုန် မြို့မှ လွှတ် တော်မူမည်။ ကိုယ်တော် သည် ရန်သူ တို့၏အလယ် ၌ အုပ်စိုး တော်မူလိမ့်မည်။
Psalms 132:9ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်း တန်ဆာ ကိုဆင်၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ရွှင်လန်း စွာ သီချင်းဆိုကြပါစေသော။
Isaiah 59:16လူတ ယောက်မျှမ ရှိသည်ကို မြင် တော်မူ၏။ တောင်းပန် သောသူတယောက်မျှမ ရှိသည်ကို အံ့ဩ တော်မူ ၏။ ထိုကြောင့် ၊ မိမိ လက် တော်သည် မိမိ အဘို့ ကယ်တင် ခြင်းအမှုကိုပြု၍ ၊ မိမိ ဖြောင့်မတ် ခြင်းတရားသည် မိမိ ကို ထောက်ပင့် ၏။