The Bible Software
bible.software › ကောရိန္တုဩဝါဒစာဒုတိယစောင် › ကောရိန္တုဩဝါဒစာဒုတိယစောင် 1 › ကောရိန္တုဩဝါဒစာဒုတိယစောင် 1:4

ကောရိန္တုဩဝါဒစာဒုတိယစောင် 1:4

ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။

1835 Judson Burmese Bible

In The King James Version

Who comforteth us in all our tribulation, that we may be able to comfort them which are in any trouble, by the comfort wherewith we ourselves are comforted of God.

In Context

3သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေတည်း။

5အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။

Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 1

Cross References

Psalms 32:5တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။

Psalms 34:2ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍၊ ဝမ်းမြောက်ကြပါစေသော။

Psalms 86:17အကျွန်ုပ်အားကောင်းသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့သည် မြင်၍ ရှက်ကြောက်ကြပါစေ။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစ၍ ချမ်းသာ ပေးတော်မူ၏။

Isaiah 40:1သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။

Isaiah 51:3ထိုသို့နှင့်အညီ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ဆိတ်ညံရာ အရပ်အလုံး စုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့ သို့၎င်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ ၎င်း ဖြစ်စေတော်မူသဖြင့်၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင် လန်းခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်း နှင့် ပြည့်စုံလိမ့်မည်။

Isaiah 52:9ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီ တညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနှုတ်တော်မူပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ကောရိန္တုဩဝါဒစာဒုတိယစောင် 1:4

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ကောရိန္တုဩဝါဒစာဒုတိယစောင် 1:3ကောရိန္တုဩဝါဒစာဒုတိယစောင် 1ကောရိန္တုဩဝါဒစာဒုတိယစောင် 1:5 →