The Bible Software
bible.software › ကောရိန္တုဩဝါဒစာဒုတိယစောင် › ကောရိန္တုဩဝါဒစာဒုတိယစောင် 12 › ကောရိန္တုဩဝါဒစာဒုတိယစောင် 12:10

ကောရိန္တုဩဝါဒစာဒုတိယစောင် 12:10

သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။

1835 Judson Burmese Bible

In The King James Version

Therefore I take pleasure in infirmities, in reproaches, in necessities, in persecutions, in distresses for Christ’s sake: for when I am weak, then am I strong.

In Context

9ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။

11ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကိုအနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်းဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။

Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 12

Cross References

John 15:21ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထို အမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။

Romans 5:3ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။

1 Corinthians 4:10ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိ ဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍၊

2 Corinthians 4:5ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။

2 Corinthians 4:17အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

2 Corinthians 6:4ညှင်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သော ဘေးဥပဒ်နှင့်တွေ့ခြင်း၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ကောရိန္တုဩဝါဒစာဒုတိယစောင် 12:10

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ကောရိန္တုဩဝါဒစာဒုတိယစောင် 12:9ကောရိန္တုဩဝါဒစာဒုတိယစောင် 12ကောရိန္တုဩဝါဒစာဒုတိယစောင် 12:11 →