ကောရိန္တုဩဝါဒစာဒုတိယစောင် 12:11
ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကိုအနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်းဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 12
Cross References
Luke 17:10ထိုနည်းတူမှာ ထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါးဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။
1 Corinthians 3:22ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်း ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ ဖြစ်ကြ၏။
2 Corinthians 1:6သို့ဖြစ်၍ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်း သို့ရောက်သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။
2 Corinthians 11:5ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။
2 Corinthians 12:6ဝါကြွားခြင်းငှါအလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြော တတ်၏။ တစုံတယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သတင်းကိုကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှါ ငါမပြောဘဲနေ၏။
Galatians 2:6အသရေထင်ရှားသောသူတို့သည် အထက်က အဘယ်သို့သော ဖြစ်ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူနှင့် ငါသည် ပေါင်းဘော်၍ ထူးခြားသောအရာကိုမခံရသည်သာမက၊