ကောရိန္တုဩဝါဒစာဒုတိယစောင် 3:8
ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။
1835 Judson Burmese Bible
In The King James Version
How shall not the ministration of the spirit be rather glorious?
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 3
Cross References
Isaiah 44:3အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်း ငါသွန်းလောင်းမည်။
Joel 2:28ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။
John 7:39ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့် တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။
Acts 2:32ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။
1 Corinthians 3:16သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။
2 Corinthians 3:6ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။