ကောရိန္တုဩဝါဒစာဒုတိယစောင် 4:17
အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 4
Cross References
Genesis 15:1ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
Psalms 30:5အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော် မူကား၊ တသက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသော အခွင့် ရှိ၏။
Psalms 73:24အကျွန်ုပ်ကို ဉာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
Psalms 119:71အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။
Isaiah 64:4ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူးပါ။
Luke 6:23ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။