ကောရိန္တုဩဝါဒစာဒုတိယစောင် 6:11
အချင်းကောရိန္သုလူတို့၊ ငါတို့နှုတ်သည် သင်တို့အာ ဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း၏။
1835 Judson Burmese Bible
In The King James Version
O ye Corinthians, our mouth is open unto you, our heart is enlarged.
In Context
12ငါတို့၌သင်တို့သည် ကျဉ်းမြောင်းသည် မဟုတ်။ ကိုယ်မေတ္တာ ကရုဏာ၌သာ ကျဉ်းမြောင်းကြ၏။
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 6
Cross References
1 Samuel 2:1တဖန် ဟန္နသည် ပဌနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက် ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။
Job 33:2ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊
Psalms 119:32အကျွန်ုပ်ဉာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။
2 Corinthians 2:4အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည် အများကျလျက်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာစေခြင်းငှါ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှါ ငါရေး၏။
2 Corinthians 12:15ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာ စိတ်တိုးပွါးသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်း မေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုး အလိုငှါ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေ ခြင်းငှါ အလွန်စေတနာရှိ၏။
Ephesians 6:8ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟု သိမှတ်ကြလော့။