ကောရိန္တုဩဝါဒစာဒုတိယစောင် 8:19
ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကို၎င်း၊ ကိုယ်စေတနာစိတ်ကို၎င်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏အလှူကျေးဇူးကို ပြုစုသည့်အမှုမှာ ငါတို့နှင့်အတူသွားစေခြင်းငှါ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ ဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 8
Cross References
Acts 15:22ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက် ၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ၏။
1 Corinthians 16:3ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။
2 Corinthians 4:15အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း။
2 Corinthians 8:6ထိုကြောင့် တိတုသည်သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည်သူ့ကိုတောင်းပန်ကြ၏။
2 Corinthians 9:12အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည် သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ၏။
1 Peter 4:10သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။