ကောရိန္တုဩဝါဒစာဒုတိယစောင် 9:5
ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာ ကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ၍ ထို အလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 9
Cross References
Judges 1:15သမီးက၊ ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
1 Samuel 30:26ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။
1 Corinthians 16:2ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။
2 Corinthians 12:17တစုံတယောက်သောသူကို သင်တို့ဆီသို့ စေလွှတ်၍၊ သင်တို့၏ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော။