ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:10
ထို ဒေသနာ တော်မ ပါ သောသူ သည် သင် တို့ထံသို့ လာ လျှင် ၊ သူ့ ကိုသင့်အိမ် ၌ လက် မ ခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ် မ ဆက်နှင့်။
မြန်မာကျမ်းစာ
In The King James Version
In Context
11မင်္ဂလာရှိစေသောဟုထိုသူ ကိုနှုတ်ဆက် လျှင် ၊ သူ ၏ဆိုးယုတ် သောအကျင့် တို့နှင့် ဆက်ဆံ ရာသို့ ရောက်၏။
Read all of ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1
Cross References
Psalms 129:8လမ်း၌ ရှောက်သွား သော သူတို့ ကလည်း၊ ထာဝရဘုရား ပေးတော်မူသော မင်္ဂလာ သက်ရောက် ပါစေ သော။ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍၊ သင် တို့ကို ကောင်းကြီး ပေးကြ၏ဟု မ ပြော မဆိုရကြ။
1 Corinthians 5:11ယခု မူကား ညီအစ်ကို ဟု ခေါ်ဝေါ် သော သူသည် မတရား သောမေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တု ကိုးကွယ်ခြင်း၊ ဆဲရေး ကဲ့ရဲ့ခြင်း၊ သေရည် သေရက်နှင့် ယစ်မူးခြင်း၊ အနိုင် အထက်လုယူ ခြင်းမှစ၍၊ထိုသို့သောအမှုကို ပြုသောသူနှင့်မ ပေါင်းဘော်ရ သည်သာမက၊ ထိုသူနှင့်အတူ စား သောက်ခြင်းကိစ္စကိုမျှ မ ပြုရဟုငါရေး ထား၍ ပညတ်၏။
Galatians 1:8သို့သော်လည်း ၊ သင် တို့အားငါ ဟောပြောသော ဧဝံဂေလိတရားမှတစ်ပါးအခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင် ဘုံမှ လာသောကောင်းကင်တမန် ဟောပြော သော်၎င်း၊ ဟောပြောသောသူသည် ကျိန် တော်မူခြင်းကိုခံ စေ။
2 Thessalonians 3:14ဤ စာ ၌ ငါ တို့ရေးထားသော ပညတ် စကားကို တစ်စုံတစ်ယောက် သောသူသည် နား မ ထောင်ဘဲ နေလျှင် ၊ ထို သူကိုမှတ် ကြလော့။ ရှက်ကြောက် စေခြင်းငှာ ၊ အပေါင်းအဖေါ် မ လုပ်ကြနှင့်။
Titus 3:10သင်းခွဲ သောသူ ကို နှစ် ကြိမ်မြောက်အောင်ဆုံးမ ပြီးမှ ပယ်ရှား နှင်ထုတ်လော့။