1 ဓမ္မရာဇဝင်တတိယစောင် 1:2
အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်း ပြတင်းပေါက်မှ ကျ၍နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
1အာဟပ်မင်း သေသောနောက်၊ မောဘပြည် သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 1
Cross References
Judges 5:28သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။
1 Samuel 5:10တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
1 Kings 14:3မုန့်ဆယ်လုံး၊ မုန့်ပြားအချို့၊ ပျားရည်ဘူးကို ဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့။ သူငယ်၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည် အတိုင်း၊
1 Kings 22:40အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 Kings 1:6သူတို့က၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါ လာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန် မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည်ယခုတတ်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။
2 Kings 8:7တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရား သခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေ သော်။