1 ဓမ္မရာဇဝင်တတိယစောင် 1:4
ထိုကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခု တက်သောသာလွန်ပေါ်က နောက်တဖန် မဆင်းရ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
5သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က၊ အဘယ်ကြောင့်ယခုပြန်လာကြသနည်းဟု မေးလျှင်၊
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 1
Cross References
Genesis 2:17ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ၏။
Numbers 26:65အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ။
1 Kings 14:12သင်ထ၍ ကိုယ်အိမ်သို့ သွားလော့။ မြို့တံခါး အထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည်။
2 Kings 1:6သူတို့က၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါ လာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန် မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည်ယခုတတ်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။
2 Kings 8:10ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
Proverbs 11:19ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။