1 ဓမ္မရာဇဝင်တတိယစောင် 10:5
နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 10
Cross References
Joshua 9:11ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူ တို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကို ယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့။ ငါတို့ သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။
Joshua 9:25ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ၏။
1 Kings 20:32လျှော်တေအဝတ်ကိုဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ရောက် လျှင်၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟုမေး၏။
Jeremiah 27:7သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။
John 12:26ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိ ရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြောက် တော်မူလတံ့။