1 ဓမ္မရာဇဝင်တတိယစောင် 11:19
ယဇ်ပုရောဟိတ်ယောယဒသည်လည်း၊ ဗိမာန် တော်အုပ်များကို ခန့်ထားပြီးမှ လူတရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်း တော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 11
Cross References
1 Kings 14:27ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။
1 Chronicles 29:23ထိုအခါရှောလမုန်သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင်အရာကိုခံ၍ ထာဝရဘုရား၏ ရာဇ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ၏။ ဣသ ရေလအမျိုးသားအပေါင်းတို့သည် စကားတော်ကို နားထောင်ကြ၏။
2 Chronicles 23:19မသန့်ရှင်းသော လက္ခဏာတစုံတခုရှိသော သူကို မဝင်စေခြင်းငှါ။ ဗိမာန်တော်တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။
Jeremiah 22:4အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော် အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ် မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများ ကို ထွက်ဝင်ရကြလိမ့်မည်။
Matthew 19:28ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။