1 ဓမ္မရာဇဝင်တတိယစောင် 11:2
သို့ရာတွင် အာခဇိ၏နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ၏သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိ လက်မှ သူ၏အသက် လွတ်စေခြင်းငှါ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။
1835 Judson Burmese Bible
In The King James Version
In Context
3ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 11
Cross References
1 Kings 6:5အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။
1 Kings 6:10ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည်အိမ်တော်ကိုမှီလျက် ရှိကြ၏။
2 Kings 8:16ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ၏။
2 Chronicles 22:11သို့ရာတွင်၊ ရှင်ဘုရင်သမီး ယောရှေဘသည်၊ အာခဇိ၏သား ယောရှိကု အသေခံရသော ဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်း ထဲ၌ ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ် ပုရောဟိတ်ယောဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါ ဝှက်ထားသဖြင့်၊
Isaiah 7:6ငါတို့သည် တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊