1 ဓမ္မရာဇဝင်တတိယစောင် 13:21
ဣသရေလလူတို့သည် လူ တယောက်ကို သင်္ဂြိုဟ် စဉ်တွင်၊ မောဘတပ် လာသည်ကို မြင် ၍ ၊ အလောင်းကို ဧလိရှဲ သင်္ချိုင်း တွင်း၌ ချ ထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲ အရိုး တို့ကို ထိ သောအခါ ၊ အသက်ရှင် ပြန်သဖြင့် မတ်တတ်ထ ၏
မြန်မာကျမ်းစာ
In The King James Version
In Context
22ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ယောခတ် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ညှဉ်းဆဲ ၏
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 13
Cross References
Isaiah 26:19ကိုယ်တော် ၏လူသေ တို့သည် အသက်ရှင် ကြပါ လိမ့်မည်။ ငါ ၏အသေ ကောင်တို့သည်လည်း ထ မြောက်ကြပါလိမ့်မည်။ မြေမှုန့် ၌နေ သောသူတို့၊ နိုး ၍ သီချင်း ဆို ကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ နှင်း သည် မြက်ပင် တို့ကို ပေါက်စေသော နှင်း ကဲ့သို့ဖြစ်၍၊ မြေ သည် လည်း မိမိသင်္ချိုင်း သားတို့ကို ထုတ် ဘော်ရပါလိမ့်မည်။
Matthew 27:52သင်္ချိုင်း တွင်းတို့သည် ပွင့် လစ်သဖြင့် ကျိန်းစက် လျက်ရှိသော သန့်ရှင်း သူတို့၏ အလောင်း များစွာ တို့ သည် ထ ကြ၍ ၊
John 5:28ဤ အမှုအရာကို အံ့ဩ ခြင်းမ ရှိကြနှင့်။ သင်္ချိုင်း များမှာရှိသောသူ အပေါင်း တို့သည် သား တော်၏ စကား သံကိုကြား ၍ ၊
Acts 5:15ပေတရု သည် လမ်း၌ ရှောက်သွား စဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ ၏အရိပ် လွှမ်းမိုး စေခြင်းငှာ ၊ လူနာ တို့ကိုလမ်း နား သို့ထုတ် ၍ ခုတင် မွေ့ရာ ပေါ်မှာ ထား ကြ၏။
Revelation 11:11ထိုနောက် သုံး ရက် ခွဲ လွန်ပြီးလျှင်၊ ဘုရားသခင့် အထံ တော်က အသက် ဝိညာဉ် သည် သူ တို့၌ ဝင် သဖြင့် ၊ သူတို့သည် မတ်တတ် ထ၍ မြင် သမျှသောသူ တို့သည် အလွန် ကြောက်ရွံ့ ကြ၏။