1 ဓမ္မရာဇဝင်တတိယစောင် 13:4
တဖန် ယောခတ် သည် ထာဝရဘုရား ကို တောင်းပန် လေ၏။ ရှုရိ ရှင်ဘုရင် ညှဉ်းဆဲ ၍ ဣသရေလ အမျိုးသည် အလွန် ခံရကြောင်း ကို ထာဝရဘုရား သည် မြင် ၍ ယောခတ်စကားကို နားထောင် တော်မူ၏
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 13
Cross References
Genesis 31:42ယခုလည်း ကျွန်ုပ် အဘ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ဘုရားသခင် ၊ ဣဇာက် ၏ကြောက်ရွံ့ ရာ ဘုရား သည် ကျွန်ုပ် ဘက် ၌မ ရှိ လျှင်၊ သင်သည် ကျွန်ုပ် ကို ဧကန် အမှန်လက်ချည်း လွှတ် လိုက်လိမ့်မည်တကား။ အကယ်စင်စစ်ကျွန်ုပ် ဆင်းရဲ ခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင် ရခြင်းကို ဘုရားသခင် မြင် ၍ ၊ မနေ့ ညမှာ သင့်ကို ဆုံးမ တော်မူပြီဟု ဆိုလေ၏။
Exodus 3:9ယခု တွင်လည်း ဣသရေလ အမျိုးသား တို့ ငိုကြွေးသောအသံ သည် ငါ့ ထံ သို့တက်ရောက် ၍ ၊ သူ တို့ကို အဲဂုတ္တု လူတို့သည် ညှဉ်းဆဲ ခြင်းအမှုကိုလည်း ငါမြင် ရပြီ။
Judges 6:6ဣသရေလ အမျိုးသားတို့သည် မိဒျန် အမျိုးသားတို့ကြောင့် အလွန် ဆင်းရဲ ၍ ထာဝရဘုရား အား ဟစ်ကြော် ကြ၏။
Judges 10:15ဣသရေလ အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြု တော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ် တော်မူမည်အကြောင်းအကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရား အား တောင်း လျှောက်လျက်၊
2 Kings 13:23ထာဝရဘုရား သည် သူ တို့ကို သနား စုံမက်၍ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ် ကို အောက်မေ့ လျက် သူ တို့ကို မ ဖျက်ဆီး ၊ အထံ တော်မှ မ နှင်ထုတ် သေးဘဲ ကြည့်ရှု ပြုစုတော်မူ၏
2 Chronicles 33:12ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊