1 ဓမ္မရာဇဝင်တတိယစောင် 14:16
ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ သားတော်ယေ ရောဗောင်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
1835 Judson Burmese Bible
In The King James Version
In Context
17ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 14
Cross References
1 Kings 1:21သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
2 Kings 13:12ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
2 Kings 14:23ယုဒရှင်ဘုရင်ယောရှသား အာမဇိနန်းစံ ဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌ မင်းပြု၍ လေးဆယ် တနှစ်စိုးစံ၏။
Hosea 1:1ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊
Amos 7:10ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော် တဘက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏ စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။