1 ဓမ္မရာဇဝင်တတိယစောင် 16:15
တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု၊
1835 Judson Burmese Bible
In The King James Version
In Context
16အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 16
Cross References
Exodus 29:39နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌ တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။
Numbers 28:2ငါ့အဘို့ မွှေးကြိုင် သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာ အာဟာရကို၎င်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။
1 Kings 3:4တရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်း ငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင် မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
1 Kings 8:64ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက်။
2 Kings 16:14ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
2 Chronicles 7:4ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော် ကြ၏။