The Bible Software
bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 17 › 1 ဓမ္မရာဇဝင်တတိယစောင် 17:16

1 ဓမ္မရာဇဝင်တတိယစောင် 17:16

မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်ရှိသမျှတို့ကို စွန့်၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကို လည်းဝတ်ပြုကြ၏။

1835 Judson Burmese Bible

In The King James Version

And they left all the commandments of the LORD their God, and made them molten images, even two calves, and made a grove, and worshipped all the host of heaven, and served Baal.

In Context

15စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ်၍အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ၏။

17သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ၏။ နတ်ဝိဇ္ဇာ အတတ်ပြုစားသော အတတ်ကို သုံးဆောင်၍ ထာဝရ ဘုရား၏ အမျက်တော်ကိုနှိုးဆော်ခြင်းငှါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမည်ဟု ကိုယ်ကိုရောင်းကြ၏။

Read all of 1 ဓမ္မရာဇဝင်တတိယစောင် 17

Cross References

Exodus 32:8ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊

Deuteronomy 4:19မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့။

1 Kings 14:15အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတဘက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။

1 Kings 15:13အဘွားတော်မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနှုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။

1 Kings 16:33အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ၍ပြု၏။

2 Kings 1:2အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်း ပြတင်းပေါက်မှ ကျ၍နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်တတိယစောင် 17:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်တတိယစောင် 17:151 ဓမ္မရာဇဝင်တတိယစောင် 171 ဓမ္မရာဇဝင်တတိယစောင် 17:17 →