1 ဓမ္မရာဇဝင်တတိယစောင် 2:11
ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
10ဧလိယကသင်သည်ရခဲသောဆုကို တောင်း၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
Genesis 5:24ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။
2 Kings 6:17အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
Psalms 104:3နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည် တော်မူထသော၊ မိုဃ်းတိမ်ရထားကို စီး၍၊ လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော၊
Ezekiel 1:4ငါကြည့်ရှု၍၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ၏။
Habakkuk 3:8အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင် ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ ကို အမျက်ထွက်တော်မူသလော။ မြစ်များတဘက်၌ စိတ် ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။
Zechariah 6:1တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။