1 ဓမ္မရာဇဝင်တတိယစောင် 2:16
သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကိုရှာမည်အကြောင်း၊ အခွင့် ပေးတော်မူပါ။ ထာဝရဘုရား၏ ဝိညာဉ်တော်သည်သူ့ကို ချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော် လည်း၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
1 Kings 18:12အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရားကို ရိုသေပါပြီ။
Ezekiel 8:3လက်သဏ္ဍာန်ကိုဆန့်၍ ငါ၏ဆံပင်တစုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကိုမြေနှင့်မိုဃ်းကောင်း ကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။
Ezekiel 40:2ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌မြို့ပုံသဏ္ဌာန်ရှိ၏။
2 Corinthians 12:2တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်း ကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။