The Bible Software
bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 20 › 1 ဓမ္မရာဇဝင်တတိယစောင် 20:19

1 ဓမ္မရာဇဝင်တတိယစောင် 20:19

ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကောင်းပါ၏ဟူ၍၎င်း၊ အကယ်၍ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့် ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ၏။

1835 Judson Burmese Bible

In The King James Version

Then said Hezekiah unto Isaiah, Good is the word of the LORD which thou hast spoken. And he said, Is it not good, if peace and truth be in my days?

In Context

18သင်နှင့် နွှယ်၍ရသောသင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ၏။

20ဟေဇကိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကို လုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

Read all of 1 ဓမ္မရာဇဝင်တတိယစောင် 20

Cross References

Leviticus 10:3ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။

1 Kings 2:38ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။

2 Kings 22:20ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။

Job 1:21အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။

Jeremiah 33:6သို့ရာတွင်၊ ငါသည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက်စေမည်။ မြို့သားတို့သည် ကျန်းမာမည် အကြောင်း၊ မြဲသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံမည် အကြောင်းကို ငါပြမည်။

Lamentations 3:39အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်တတိယစောင် 20:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်တတိယစောင် 20:181 ဓမ္မရာဇဝင်တတိယစောင် 201 ဓမ္မရာဇဝင်တတိယစောင် 20:20 →