1 ဓမ္မရာဇဝင်တတိယစောင် 20:3
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
2ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာ လှည့်၍၊
4ဟေရှာယသည် နန်းတော်အလယ်တန်တိုင်းသို့ မရောက်မှီ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 20
Cross References
Genesis 5:22မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။
Genesis 8:1ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင် သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့၍၊ မြေကြီးပေါ်မှာ လေ့လာစေတော်မူသဖြင့် ရေငြိမ်လေ၏။
2 Samuel 12:21ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊
1 Kings 3:6ရှောလမုန်ကလည်း၊ ကိုယ်တော်၏ ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့် ၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
1 Kings 8:61သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ၊ အထံတော်၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ၏။
1 Kings 15:14မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။