1 ဓမ္မရာဇဝင်တတိယစောင် 23:15
ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် ၏သား ယေရောဗောင်သည်၊ ဗေသလမြို့၌တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက် ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 23
Cross References
1 Samuel 7:3တဖန် ရှမွေလက၊ သင်တို့သည် အခြားတပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဘို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆုံးမသည်အတိုင်း၊-
1 Kings 12:28သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊
1 Kings 14:16ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏။
1 Kings 21:22ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုး ကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။
2 Kings 10:31ယေဟုသည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု၊ ဣသရေလအမျိုးကို ပြစ်မှား စေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။
2 Kings 23:6အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။