1 ဓမ္မရာဇဝင်တတိယစောင် 23:3
ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ် ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာ ရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကိုဝန်ခံကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 23
Cross References
Exodus 24:3မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက်အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်းပြန်ပြောကြ၏။
Deuteronomy 4:45သူတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံ အတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တဘက်၌ရှိသော ချိုင့်တွင်၊ မောရှေဟောပြောသော သက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။
Deuteronomy 6:1သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
Deuteronomy 8:19သင်၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့်၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက်၌ သက်သေခံ၏။
Deuteronomy 11:13သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
Deuteronomy 29:1ဤရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှ တပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။