1 ဓမ္မရာဇဝင်တတိယစောင် 23:30
ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ဘိသတ် ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 23
Cross References
1 Kings 22:33ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထား စီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။
2 Kings 14:21ယုဒပြည်သူပြည်သားအပေါင်းတို့သည် အသက် တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော် အာမဇိအရာ၌ နန်းတင်ကြ၏။
2 Chronicles 35:24ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယ ရထားတော်ပေါ်၌ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့ သင်္ချိုင်း သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရု ရှလင်မြို့ သားအပေါင်းတို့သည်၊ ယောရှိမင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
Jeremiah 22:10သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။