bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 25 › 1 ဓမ္မရာဇဝင်တတိယစောင် 25:23
1 ဓမ္မရာဇဝင်တတိယစောင် 25:23
ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ် အရာ၌ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ၊ နာသနိသားဣရှမေလ၊ ကာရာသားယောဟနန်၊ နေတောဖတ်အမျိုး၊ တာနုမက် သားစရာယ၊ မာခလိအမျိုးသားယေဇနိတို့သည် မိမိ လူများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
1835 Judson Burmese Bible
In The King James Version
And when all the captains of the armies, they and their men, heard that the king of Babylon had made Gedaliah governor, there came to Gedaliah to Mizpah, even Ishmael the son of Nethaniah, and Johanan the son of Careah, and Seraiah the son of Tanhumeth the Netophathite, and Jaazaniah the son of a Maachathite, they and their men.
In Context
22ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသော မင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။
24ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရ မည်အခွင့်ကို မစိုးရမ်ကြနှင့်။ ဤပြည်၌နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 25
Cross References
Jeremiah 40:7ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိ ကိုပြည်အုပ်အရာ၌ ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူ ရာ၌မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့ နှင့်စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊
This Verse In Other Editions
Study 1 ဓမ္မရာဇဝင်တတိယစောင် 25:23