1 ဓမ္မရာဇဝင်တတိယစောင် 25:3
ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
1835 Judson Burmese Bible
In The King James Version
In Context
2ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 25
Cross References
Deuteronomy 28:52သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။
Jeremiah 19:9သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
Jeremiah 38:2ခါလဒဲလူတို့ ဘက်သို့ ထွက်သွားသော သူသည် အသက်ချမ်းသာ၍၊ လက်ရ ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်ဟူ၍၎င်း၊ ဤမြို့ ကို ဗာဗုလုန်ရှင် ဘုရင်၏ဗိုလ်ခြေလက်သို့ ဆက်ဆက် အပ်၍၊ သူသည် သိမ်းယူလိမ့်မည်ဟူ၍၎င်း၊
Jeremiah 52:6ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
Ezekiel 4:9ထိုမှတပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတလုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှော သောဆန်ကို မုန့်လုပ်၍ စားရမည်။
Ezekiel 5:10သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်။