1 ဓမ္မရာဇဝင်တတိယစောင် 5:25
ကိုယ်တိုင်ဝင်၍ မိမိသခင့်ရှေ့၌ ရပ်နေ၏။ဧလိရှဲကလည်း၊ ဂေဟာဇိ၊ အဘယ်အရပ်သို့ သွားဘိ သနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်သည် အဘယ်အရပ် ကိုမျှ မသွားပါဟုပြန်ပြောသော်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 5
Cross References
Genesis 3:8နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။
Genesis 4:9ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။
1 Samuel 10:14ရှောလု၏ ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သားကို မေးလျှင်၊ ရှောလုက၊ မြည်းတို့ကို ရှာရအောင် သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော၏။
2 Kings 20:14ထိုအခါပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီး ထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြ ပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
Ezekiel 33:31ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြာသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ၏။
Matthew 26:21စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊