The Bible Software
bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 8 › 1 ဓမ္မရာဇဝင်တတိယစောင် 8:12

1 ဓမ္မရာဇဝင်တတိယစောင် 8:12

ဟာဇေလကလည်း၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊

1835 Judson Burmese Bible

In The King James Version

And Hazael said, Why weepeth my lord? And he answered, Because I know the evil that thou wilt do unto the children of Israel: their strong holds wilt thou set on fire, and their young men wilt thou slay with the sword, and wilt dash their children, and rip up their women with child.

In Context

11စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။

13ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို၏။

Read all of 1 ဓမ္မရာဇဝင်တတိယစောင် 8

Cross References

1 Kings 18:13ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက် တို့ကို သတ်သောအခါ၊ အကျွန်ုပ်ပြုသောအမှုတည်း ဟူသော ထာဝရဘုရား၏ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော။

2 Kings 10:32ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ်တော်မူ၏။

2 Kings 12:18ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော် တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်း သမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော် ဘဏ္ဍာတွင် တွေ့သမျှသော ရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလ ထံသို့ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား၍ သွား၏။

2 Kings 13:7သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။

2 Kings 15:16ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သား များ၊ တိရဇမြို့ အလွန်တိဖသမြို့နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့် လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကို ခွဲလေ၏။

Isaiah 13:16သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့ အိမ်များကို လုယက် ၍၊သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်တတိယစောင် 8:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်တတိယစောင် 8:111 ဓမ္မရာဇဝင်တတိယစောင် 81 ဓမ္မရာဇဝင်တတိယစောင် 8:13 →