1 ဓမ္မရာဇဝင်တတိယစောင် 9:21
ယောရံ မင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆို သည်အတိုင်း ၊ မြင်းရထား ကို ပြင်ဆင် ကြ၏။ ဣသရေလ ရှင်ဘုရင် ယောရံ နှင့် ယုဒ ရှင်ဘုရင် အာခဇိ တို့ သည် ရထား တော်တခုစီ စီး လျက် ယေဟု ကို ဆီးကြို မည်ဟု ထွက်သွား ၍ ၊ ယေဇရေလ မြို့သားနာဗုတ် ၏ မြေကွက် တွင် တွေ့ ကြ၏
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
1 Kings 20:14အာဟပ် ကလည်း၊ အဘယ်သူ အားဖြင့် အပ်တော်မူမည်နည်းဟုမေး လျှင် ၊ မြို့ဝန် များ၏လုလင် တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ဆင့်ဆို ၏။ စစ်မှု ကိုအဘယ်သူ စီရင်ရမည်နည်းဟုမေး ပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။
1 Kings 21:15ထိုအကြောင်းကို ယေဇဗေလ သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် မ ရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ ၍ သိမ်းယူ တော်မူပါ။ နာဗုတ် အသက် မ ရှိ၊ သေ ပါပြီဟု ဆို ၏။
2 Kings 9:25ယေဟုကလည်း၊ သူ့ ကိုဆွဲ ၍ ယေဇရေလ မြို့သားနာဗုတ် မြေကွက် ၌ ချ ပစ်လော့။ သင် နှင့် ငါ သည် သူ့ အဘ အာဟပ် နောက် သို့ မြင်းစီး ၍ လိုက်သောအခါ ၊ ဤ အမှုကို ထာဝရဘုရား ဗျာဒိတ် ထား တော်မူသည်ကို မမှတ်မိ သလော
Micah 1:13အိုလာခိရှ မြို့သမီး ၊ လျင်မြန်သော မြင်း ကို ရထား ၌ က လော့။ သင် သည် ဣသရေလ ၏ လွန်ကျူး ခြင်း ကို လက်ခံ ၍၊ ဇိအုန် သတို့သမီး အား အပြစ် လမ်းကို ပြသတည်း။