1 ဓမ္မရာဇဝင်တတိယစောင် 9:8
အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။
1835 Judson Burmese Bible
In The King James Version
In Context
9အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
Deuteronomy 32:36ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန် ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင် တရတော်မူလျက်၊
1 Kings 14:10ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။
2 Kings 10:17ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။
2 Kings 19:17အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိ ရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး၍၊