ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1:10
ထိုကြောင့် ၊ ညီအစ်ကို တို့၊ သင် တို့ခံရ သော ခေါ် တော်မူခြင်းနှင့် ရွေးချယ် တော်မူခြင်းကို တည်မြဲ စေခြင်းငှာသာ၍ ကြိုးစား အားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1
Cross References
Psalms 15:5ကိုယ် ငွေ ကို ချေး ၍ အတိုး မ ယူ၊ အပြစ် မရှိသောသူ ၏တဘက် မှ တံစိုး ကို မ ခံ ဘဲကျင့် သောသူသည် လှုပ်ရှား ခြင်းနှင့် အစဉ် အမြဲကင်းလွတ် လိမ့်မည်သတည်း။
Psalms 62:2အကယ် စင်စစ်ဘုရား သခင်သည် ငါ ၏ကျောက် ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ၊ ငါ့ ခိုလှုံ ရာဖြစ်တော်မူ ၍၊ ငါ၌ လှုပ်ရှား ခြင်းများစွာ မ ရှိရာ။
Psalms 112:6အကယ် စင်စစ်လှုပ်ရှား ခြင်းနှင့်အစဉ် ကင်းလွတ် လိမ့်မည်။ ဖြောင့်မတ် သောသူသည် အစဉ် အမြဲအောက်မေ့ ဘို့ရာ ဖြစ် လိမ့်မည်။
Isaiah 56:2ထို သို့ပြု သောသူ ၊ အမြဲစွဲလမ်း သော လူ သား သည်၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ဒုစရိုက် ကို မပြုမည်အကြောင်း၊ မိမိ လက် ကို ချုပ်တည်း လျှင် လည်း မင်္ဂလာ ရှိ၏။
Matthew 7:24အကြင်သူ သည်ငါ ဟောပြောသော ဤ စကား ကို ကြား၍နားထောင် ၏။ ထိုသူ သည် ကျောက် ပေါ်မှာ အိမ် ဆောက် သော ပညာရှိ နှင့် တူကြောင်းကို ငါပုံပြ မည်။
Acts 20:24သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊