ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:4
အကြောင်းမူကား ၊ ပြစ်မှား သော ကောင်းကင်တမန် တို့ကို ဘုရားသခင် သည်နှမြော တော်မ မူ၊ ငရဲ ထဲသို့ချလိုက်ပြီးမှစစ်ကြော စီရင်ခြင်း အလို့ငှာ ချုပ် ထား၍၊ မှောင်မိုက် သံကြိုး နှင့်ချည်နှောင် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2
Cross References
Job 4:18အမှု တော်ထမ်းတို့ကို ယုံ တော်မ မူ။ ကောင်းကင်တမန် တော်တို့၌ စုံလင် ခြင်းမရှိဟု ထင်တော်မူ၏။
Psalms 78:50အမျက် တော်ဘို့ လမ်း ကိုပြင်ဆင် တော်မူ၏။ သူ တို့အသက် ကို မ နှမြော ၊ သေ စေခြင်းငှါ ကာလနာ သို့ အပ်နှံ သဖြင့်၊
Ezekiel 5:11ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ အသက် ရှင်သည်အတိုင်း ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုအရာအပေါင်း တို့နှင့် ငါ ၏သန့်ရှင်း ရာ ဌာနကို သင်သည်ညစ်ညူး စေသောကြောင့် ၊ ငါ သည် လည်း သင့် ကိုမ နှမြော ၊ မ စုံမက် ဘဲမျက်နှာ လွှဲမည်။
Ezekiel 7:9နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် ဒဏ် ပေးကြောင်း ကို သိ ရကြ လိမ့်မည်။
Matthew 25:41ထိုအခါ လက်ဝဲ တော်ဘက် ၌ရှိသောသူ တို့အား မင်းကြီးက၊ ကျိန် ခြင်းကို ခံရသောသူ တို့၊ မာရ်နတ် နှင့် သူ ၏တမန် တို့အဘို့ ပြင်ဆင် သောထာဝရ မီး ထဲသို့ ငါ့ ထံမှ ခွာသွား ကြလော့။
Luke 8:31အနက်ဆုံး သော အရပ်သို့ သွား စေခြင်းငှာမ နှင်ပါမည်အကြောင်း တောင်းပန် လေ၏။