ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:9
ဘုရားဝတ်၌ မွေ့လျော် သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်းအထဲ က ကယ်နှုတ် ခြင်းငှာ၎င်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2
Cross References
Job 5:19သင့် ကိုအမှု ခြောက် ပါးထဲက နှုတ် ယူတော်မူသည် သာမက၊ ခုနစ် ပါးသောအမှု၌ လည်း ဘေး တစုံတခုမျှ မ ထိ မခိုက်ရ။
Psalms 4:3ထာဝရဘုရား သည် မိမိ သန့်ရှင်း သူကို ရွေး ထား တော်မူသည်ကို သိ မှတ်ကြလော့။ ငါ ခေါ် ၍ လျှောက် သောအခါ ၊ ထာဝရဘုရား သည် နားထောင် တော်မူလိမ့် မည်။
Psalms 32:6ထိုကြောင့် ကိုယ်တော် ကို တွေ့ သင့်သော အချိန် ကာလ ၌ ၊ သန့်ရှင်း သူအပေါင်း တို့သည် ရှေ့တော်၌ တောင်း လျှောက်ကြပါလိမ့်မည်။ အကယ် စင်စစ်လွှမ်းမိုး တတ်သောရေ ကြီး သည် သူ တို့ထံ သို့မ ချဉ်း ရပါ။
Proverbs 16:4ထာဝရဘုရား သည် ခပ်သိမ်း သောအရာတို့ကို ကိုယ်တော် အဘို့ ၊ မ တရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသောနေ့ အဘို့ဖန်ဆင်း တော်မူ၏။
1 Corinthians 10:13လူ ၌ဖြစ်တတ်သော စုံစမ်း နှောင့်ရှက်ခြင်းကိုသာ သင် တို့သည် ခံရ ကြ၏။ ဘုရားသခင် သည် သစ္စာ နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင် တို့ မ ခံနိုင် သော စုံစမ်း နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာအခွင့် ပေး တော်မမူ။ သင်တို့သည် ခံ နိုင် မည်အကြောင်း စုံစမ်း နှောင့်ရှက်ခြင်းအရာနှင့်တကွ ၊ ထွက်မြောက် သော လမ်းကိုလည်း စီရင်ပြုပြင် တော်မူလိမ့်မည်။
2 Timothy 3:12ယေရှု ခရစ် ၏ တရားတော်နှင့်အညီ၊ ဘုရား ဝတ်၌ မွေ့လျော်၍ နေ ခြင်းငှာအလိုရှိ သောသူ အပေါင်း တို့သည် ညှဉ်းဆဲ ခြင်းကို ခံရကြလိမ့်မည်။