1 ဓမ္မရာဇဝင်ပထမစောင် 12:13
ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 12
Cross References
Exodus 9:27ထိုအခါ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ ဤအမှု၌ ငါပြစ်မှား ပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါ နှင့် ငါ ၏လူ တို့သည် အပြစ် များပါ၏။
Leviticus 24:17လူ အသက် ကိုသတ် သောသူ သည်လည်း အသေ သတ်ခြင်းကို အမှန်ခံရမည်။
1 Samuel 15:20ရှောလု က၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဧကန်အမှန်နားထောင် ပါပြီ။ ထာဝရဘုရား စေခိုင်း တော်မူသော လမ်း သို့ လိုက် ပါပြီ။ အာမလက် ရှင်ဘုရင် အာဂတ် ကို ဆောင် ခဲ့၍ ၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီ။
1 Samuel 15:30ရှောလုက အကျွန်ုပ်ပြစ်မှား ပါပြီ။ သို့သော်လည်း အကျွန်ုပ် အမျိုးသား ချင်း အသက်ကြီး သူတို့ ရှေ့ ၌၎င်း ၊ ဣသရေလ အမျိုးရှေ့ ၌၎င်း၊ အကျွန်ုပ် ၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် ရမည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သည်အတိုင်း၊
2 Samuel 24:17လူ တို့ကို ဒဏ်ခတ် သော ကောင်းကင်တမန် ကို ဒါဝိဒ် သည်မြင် သောအခါ ၊ အကျွန်ုပ် ပြစ်မှား ပါပြီ။ ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါ သနည်း။ လက် တော်သည် အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး ၌ ရောက် စေတော်မူပါဟု ထာဝရဘုရား အား တောင်းပန် လေ၏။
1 Kings 21:20အာဟပ် ကလည်း ၊ အချင်းရန်သူ ၊ ငါ နှင့်တွေ့ ပြီ လောဟု ဧလိယ အား ဆို လျှင် ၊ ဧလိယကသင်သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ် ကို ရောင်း သောကြောင့် သင်နှင့်ငါတွေ့ ပြီ။