1 ဓမ္မရာဇဝင်ပထမစောင် 15:2
အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည်အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊
1835 Judson Burmese Bible
In The King James Version
In Context
1ထိုနောက်မှအဗရှလုံသည် ရထားများနှင့်မြင်းများကို၎င်း၊ မိမိရှေ့မှာ ပြေးရသောလူငါးဆယ်ကို၎င်း ပြင်ဆင်လေ၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 15
Cross References
Exodus 18:14မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှု အဘယ်သို့နည်း။ သင်သည် တယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ ညဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟု ဆို၏။
Exodus 18:26ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကို တရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကို ခံကြ၏။ လွယ်သောအမှုကို အလိုလို စီရင်ကြ၏။
Ruth 4:1ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
1 Kings 3:16ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊
Job 24:14လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဉ့်အခါ သူခိုးလုပ်တတ် ၏။
Daniel 11:21ထိုသူအရာ၌လည်း မင်းစည်းစိမ်းကို ခံထိုက် သော သူမဟုတ်၊ ယုတ်မာသော သူပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု ချော့မော့ခြင်းအားဖြင့် နိုင်ငံ ကို ရလိမ့်မည်။