1 ဓမ္မရာဇဝင်ပထမစောင် 15:21
အိတ္တဲ ကလည်း ၊ ထာဝရဘုရား အသက် ၊ အရှင် မင်းကြီး အသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင် မင်းကြီး အသက် တော်ဆုံးသည်ဖြစ်စေ ၊ ချမ်းသာ သည်ဖြစ်စေ ၊ ရှိ တော်မူရာ အရပ် ၌ ကိုယ်တော် ကျွန် ရှိ ပါ လိမ့်မည်ဟု ရှင်ဘုရင် အား ပြန် လျှောက်သော်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 15
Cross References
1 Samuel 20:3ဒါဝိဒ် ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင် ၏ အဘ သည် အမှန်သိ သဖြင့်၊ ယောနသန် စိတ် မသာ ရှိမည်စိုးရိမ်၍ သူသည် ဤ အမှုကို မ သိ စေနှင့်ဟု ပြောဆို ပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် အသက် လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ် နှင့် သေ ဘေးစပ်ကြား မှာ အသွား တလှမ်းသာ ရှိပါသည်ဟု အကျိန် နှင့် ဆို၏။
2 Kings 2:2ဧလိယ ကလည်း ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကို ဗေသလ မြို့သို့ စေလွှတ် တော်မူသည် ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလ မြို့သို့သွား ကြ၏
2 Kings 2:6ဧလိယ ကလည်း ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယော်ဒန် မြစ်သို့ စေလွှတ် တော်မူ သည်ဟုဆို လျှင် ၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့်အကျွန်ုပ်မ ကွာ ရပါဟု ပြန် ပြောလျက်၊ ထိုသူ နှစ် ယောက်တို့သည် အတူသွား ကြ၏
Proverbs 17:17အဆွေ ခင်ပွန်းသည် အခါ ခပ်သိမ်းချစ် တတ်၏။ ညီအစ်ကို သည် ဒုက္ခ ကာလအဘို့ မွေးဘွား လျက်ရှိ၏။
Matthew 8:19ထိုအခါ ကျမ်းပြု ဆရာတစ် ယောက်သည်လာ ၍ အရှင် ဘုရား၊ ကိုယ်တော် ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။
Acts 11:23ထိုသူ သည် ရောက် ၍ ဘုရားသခင် ၏ ကျေးဇူး တော်ကို မြင် လျှင် ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည် သောစိတ် နှင့် သခင် ဘုရားကို မှီဝဲ ဆည်းကပ်မည်အကြောင်း တိုက်တွန်းနှိုးဆော် လေ၏။