The Bible Software
bible.software › 1 ဓမ္မရာဇဝင်ပထမစောင် › 1 ဓမ္မရာဇဝင်ပထမစောင် 16 › 1 ဓမ္မရာဇဝင်ပထမစောင် 16:1

1 ဓမ္မရာဇဝင်ပထမစောင် 16:1

ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ ကျွန်ဇိဘသည် ကုန်းနှီး တင်သောမြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည်ဘူတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။

1835 Judson Burmese Bible

In The King James Version

And when David was a little past the top of the hill, behold, Ziba the servant of Mephibosheth met him, with a couple of asses saddled, and upon them two hundred loaves of bread, and an hundred bunches of raisins, and an hundred of summer fruits, and a bottle of wine.

In Context

2ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှါ ဤဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်း တို့သည် နန်းတော်သားများ စီးဘို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့၊ စပျစ်ရည်သည်လည်း တော၌မော သောသူများသောက်ဘို့ ဖြစ်ပါသည်ဟု လျှောက်၏။

Read all of 1 ဓမ္မရာဇဝင်ပထမစောင် 16

Cross References

1 Samuel 16:20ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။

1 Samuel 25:18အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန် ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊

2 Samuel 15:30ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တတ်ကြ၏။

2 Samuel 17:27ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်သောအခါ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ်၏သား ရှေဘိ၊ လော ဒေဗာမြို့သား အမျေလ၏သား မာခိရ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က၊

1 Chronicles 12:40အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွား နှင့်တကွ အမဲသား၊ မုန့်ညက်သင်္ဘောသဖန်းသီး၊ စပျစ် သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုပ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသ ရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။

Proverbs 29:4တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်ပထမစောင် 16:1

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
1 ဓမ္မရာဇဝင်ပထမစောင် 161 ဓမ္မရာဇဝင်ပထမစောင် 16:2 →